Sunday, November 17, 2013

(program)Android 4.3 Samsung root ဖုန်းတွေမှာ မြန်မာစာ font, စနစ် နှင့် built in samsung မြန်မာစာကီးဘုတ်



Android 4.3 Samsung root ဖုန်းတွေမှာ မြန်မာစာ font, စနစ် နှင့် built in samsung မြန်မာစာကီးဘုတ်
တို့သွင်းဖို့ tool လေးပါ၊




-အောက်ပါ download လင့်ကနေ zip file နှစ်ခုကို pc ထဲ download လုပ်ယူ
unzip လုပ်ပြီး installer.bat ကို double click ပေးခြင်းဖြင့် install ပေးရပါမယ်...
ဖုန်းကိုတော့ install မလုပ်ခင် usb debugging အမှန်ခြစ်ပေးထားရပါမယ်




(usb debugging on ဖို့ developer option ထဲကနေ ဝင်လုပ်ပေးရပါတယ်
developer option က ပုံမှန်အားဖြင့် ဖုန်းရဲ့ setting မှာ မပေါ်ပါဘူး developer option ပေါ်ဖို့ရာ setting ထဲက Build number ပေါ် ခုနှစ်ချက်လောက် touch ပေးရပါမယ်




installer.bat ကို pc ပေါ်ကနေ double click run ပေးရင် ဖုန်းမှာ box တစ်ခုပေါ်လာပြီး super user grant လုပ်မလား မေးလာပါလိမ့်မယ် အဲ့ဒါကိုလဲ font တင်မှာ ဖြစ်သဖြင့် "yes" button ကို touch ပေးရပါမယ်
သူ့အလိုလို reboot ကျပြီး ပြန်တက်လာရင် မြန်မာစာ font နဲ့ စနစ်သွင်းပြီးသား ဖြစ်သွားပါပြီ၊


ဘာကြောင့် Zip file နှစ်ခု download လုပ်ရတာလဲ?



-ယပင့်တို့ ငသတ်တို့က အရှေ့စာလုံးရဲ့ အလယ်ပေါ်ရောက်နေတဲ့ ပြဿနာ ကြောင့်ပါ
-လောလောဆယ် စမ်းသပ်တွေ့ရှိချက်တွေအရ အရ ရိုးရိုး cf root တွေ v root တွေနဲ့ root ပြီး font install ရာမှာ အထက်ပါ ယပင့် ငသတ် မလွဲဖို့ အသုံးပြုရတဲ့ zawgyi font နဲ့ pre root rom တင်ပြီး font install သူများအတွက် သုံးရမယ့် zawgyi font က format မတူညီပါဘူး


အဲဒီအတွက် နှစ်မျိုးထုတ်ပေးဖြစ်တာပါ
တစ်ဖိုင်ထဲဖြစ်အောင်တော့ နောက်ပိုင်းကြိုးစားပြင်ဆင်ကြည့်ပါအုန်းမယ်



font တင်လိုက်တယ် ယပင့်တို့ ငသတ်တို့လွဲနေသေးတယ်?
- ဒါဆို ဒုတိယ zip file ဖြည်တဲ့ အထဲက installer.bat ကိုပြန် run ပေးပါ မှန်သွားပါလိမ့်မယ်

လောလောဆယ် ပြဿနာ ရှိမရှိ?
- font size သေးတယ်လို အချို့အသုံးပြုသူများက အကြံပြုကြပါတယ်
font အရွယ်အစားကြီးတာကို update ထပ်လုပ်ပေးပါ့မယ်..

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။






http://pc.cd/h90
http://pc.cd/ge0

No comments:

Post a Comment