Sunday, September 14, 2014

IPhone ,IPad, IPod Touch ထဲကနေဘဲ Thai နိုင်ငံရဲ့ Apple ID ကို အလွယ်ကူဆုံ ဖွင့်ကြရအောင်


IPhone ,IPad, IPod Touch ထဲကနေဘဲ Thai နိုင်ငံရဲ့ Apple ID ကို အလွယ်ကူဆုံ ဖွင့်ကြရအောင်



ကဲ အခုမှ iphone စကိုင်ကြတဲ့ ဘော်ဒါတွေ အတွက် iphone တစ်လုံးအတွက် မရှိမဖြစ်တဲ့ ကိုယ်ပိုင် ID လေကို ဖုန်းထဲကနေဘဲ အလွယ်တစ်ကူ လုပ်ကြည့်ကြရအောင်
အရင်ဆုံ မိမိဖုန်ကို အင်တာနတ်ချိတ်ဆက်ပေးလိုက်ပါ ပြီိရင် ပုံထဲကအတိုင်

AppStore ကိုသွားပါ

ပြီရင် အပုံထဲက အတိုင် Game တွေ App တွေ ၇ှိတဲ့ နေရာ ရောက်ပါမယ် အဲထဲက Free လိုရေထားတဲ့ တစ်ခုခုကို ရွေးပေးလိုက်ပါ



အပုံတိုင် တက်လာပါမယ်

Free နေရာမှာ ထပ်နိုပ်ပါ

CreataNew Apple ID မှာေ၇ွးပေးပါ

ထိုင်းနိုင်ငံရဲ့ Apple ID ကိုဖွင့်မှာမို့  Thailand ကိုရွေးပါ ပြီရင် Next ကို ဆက်နှိပ်ပါ

Agree ကို နှိပ်ပါ

Agree ကိုနှိပ်ပါ အောက်က ပုံအတိုင် Email တွေ ဖြည့်ခိုင်တဲ့ အကွက်တက်လာပါမယ်


Email နေရာမှာ မိမိ Email ကို ထည့်ပါ မိမိ Email ၇ဲ့ အထိပ်ဆုံစာလုံကို အကြီးနဲ့ ရေပါ( ဥပမာ-wardeelay@gmail.com ဆို Email အကွက်မှာ Wardeelay@gmail.com လို့ ဖြည့်ပေးရမှာပါ

Password နေရာမှာ မိမိစိတ်ကြိုက် Password ဖြည့်ပါ အင်္ဂလိပ် အက္ခရာဂဏန်တော့ပါရပါမယ် ( ဥမမာ- Wardeelay21 တို့လိုပါ )

Verify နေရာမှာ = အပေါ်က ပေးထားတဲ့ Password ကိုသာပြန်ထည့်ပေးပါ

Question နေရာမှာ တစ်ခုခုကိုရွေးပေးလိုက်ပါ

Answer နေရာမှာ မိမိစိတ်ကြိုက် ပေါက်ကရ ရေပေးလိုက်ပါ Hello တို့  ပါတို့ လိုေ၇ပေးလိုက်ပါ

ပြီရင် Next နှိပ်ပါ အကုန်လုံ ဖြည့်တာ မှန်ရင် ဒီပုံတိုင်ဆက်တက်လာပါမယ်


ကိုယ်မှာ ဘာကဒ်မှ မရှိဘူဆိုရင် None ကိုရွေးပါ ပြီရင် အောက်ကပုံအတိုင်လိပ်စာတွေ လမ်းတွေဖြည့်ပေးရမှာပါ


Title နေရာမှာ Mr,Mrs ကြိုက်တာတစ်ခုကိုရွေးပါ
First Name ,Last Name မှာ မိမိအမည့်ကိုဖြည့်ပါ
Address မှာ လမ်းအမည်းကို ဖြည့်ပါ မသိရင် အပုံထဲက အတိုင် Sansem road လို့ဖြည်ပေးလိုက်ပါ
Address မှာ လဲ လမ်းသွယ် ဖြည့်ပေးလိုက်ပါ Soi 1, Soi2 Soi3 ကြိုက်တာဖြည့်ပါ
Address မှာလဲ စောစာက လမ်းအမည်ဘဲပြန်ဖြည့်ပါ
Town မှာ ရပ်ကွပ် အမည်းဖြည့်ပါ မသိရင် Bamglapoo လို့ပေးလိုက်ပါ
Province မှာ bangkok လို့ပေးလိုက်ပါ
Postcode မှာ မိမိစာတိုက်နံပါတ်ထည့်ပါ မသိရင် ရမ်ထည့်လိုက် 10200
phone မှာ ဖုန်းနံပါတ် တစ်ခုခု ထည့်ပါ

ပြီရင် Next ကိုနှိပ်ပေးလိုက်ပါ

အလုံမှန်ရင် ဒိပုံတိုင်တက်လာပါမယ် Done ကိုနှိပ်ပေလိုက်ပါ ပြီရင် မိမိစောစောက ထည့်ထားတဲ့ Email ကိုသွားဖွင့်ပါ ဒီပုံအတိုင် Apple က စာပို့ထားပါမယ် အဲစာကိုဖွင့်လိုက်ပါ



အထဲမှာ ဒီပုံအတိုင် တွေ့ ရပါမယ်

ပြီရင် Verify now မှာ နိပ်လိုက်ပါ

ပြီရင် Resend Verification Email မှာ ထပ်နှိပ်ပေးလိုက်ပါ

Apple ID နေရာမှာ စောစောက အကောက်ဖြည့်တုန်က ထည့်ထားတဲ့ Email ကို ထည့်ပါ အထိပ်စာလုံအကြီးနဲ့ရေပါ
Password နေရာမှာ စောစောအကောက်ဖွင့်တုန်ပေးထားတဲ့ Password ကိုဖြည့်ပေးလိုက်ပါ


ပြီရင် Verify Address မှာနှိပ်ပေးလိုက်ပါ ဒါဆို အကောက်ဖွင့်တာ အောင်မြင်ပါပြီ သေခြာလာ မသေခြာတာကို Settings က Apple ID နေရာမှာ သွားကြည့်ပါ ခဏက ဖွင့်ထားတဲ့ အကောက်ရောက်နေပါပြီ

ဒါဆို AppStore မှာ သွားပြန်ဖွင့်ကြည့်လိုက်ပါ အောက်ဆုံမှာ မိမိAppleID ပေါ်နေပါမယ်

ဒါဆို ရင် Appstore ကနေ မိမိစိတ်ကြိုက် FreeGame တွေ ဒေါင်းယူလို့ရပါပြီ

Post By SmartGhost

Tuesday, July 1, 2014

pc ဂိမ်း သေနတ်ပစ် ဆော့ချင်တဲ့ ဘော်ဘော်တို့ အတွက်ပါ

                                                 





                                                              ဒီမှာ (1)
                                                 




                                                       ဒီမှာ (2)




Saturday, May 31, 2014

Wedding Album Maker Gold 3.53

ကျွန်တော်တို့ ဒီ Wedding Album Maker လေးမျိုး ဟိုးအရှေ့မှာ တင်ပေးခဲ့ပြီးပါပြီ။ ဆက်ပြီးတော့လည်း Update ဖြစ်ရင်ဆက်တင်ပေးသွားပါ့မယ်။ ဒီ ကောင်လေးဟာဆိုရင်တော့ ကျွန်တော်တို့ Wedding Photos တွေကို background music တွေ Pan&Zoom တွေနဲ့ transition effects တွေကို ထည့်သွင်းပြီး မိမိတို့ စိတ်ကြိုက်နှစ်သက်သလို ပြုပြင်ပေးနိုင်ပါတယ်။ Lovely Music လေးတွေ Transition Effects လေးတွေနဲ့ ကျွန်တော်တို့ရဲ့ Wedding Album လေးကို အကောင်းဆုံး နဲ့ ချစ်စရာအကောင်းဆုံး ဖြစ်အောင်ပြုပြင်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အခွေထဲ ထည့်ပြီး Burn ပေးလိုက်ရင် အဆင်ပြေပါပြီ။ အဆင့်သုံးဆင့်ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 24.62 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။


ဒီမှာ ဒေါင်းလုပ်ယူသွားပါခင်းဗျား ။
 ပုံတွင်ပြထားသည့်အ တိုင်း မြှားနေရာကိုနှိပ်ပါ ခင်းဗျား
ကျေးဇူးတင်ပါသည်။

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final

မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေကို မိမိတို့ ကြိုက်တဲ့ နောက်ခံသီချင်းလေးတွေနဲ့ စလိုက်ရှိုးလေးတွေ ဖန်တီးယူလိုရင်တော့ ဒီကောင်လေးနဲ့ အတော်လေး အဆင်ပြေပါလိမ့်မယ်..။ ဆော့ဝဲလ်သေးပေမယ့် ဖန်တီးယူလို့ ရတဲ့ Effects တွေ၊ Template ဒီဇိုင်းမျိုးစုံနဲ့ ပုံစံမျိုးစုံ ပါဝင်တဲ့အတွက် တခုနဲ့ တခု မရိုးရအောင် စတိုင်မျိုးစုံ ဖန်တီးယူနိုင်ပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် patch ဖိုင်ထည့်တတ်အောင်ပါ အစအဆုံး ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final




အရင်ပိုစ့်တွေ အတိုင်း patch ဖိုင်လေး ထည့်ပြီး ၊ Run ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



ဒေါင်းလော့ဖိုင်ထဲမှ patch ဖိုင်လေးကို copy ကူယူထည့်ပေးပြီး အောက်ကပုံအတိုင်း Run ပေးလိုက်ရင် အဆင်ပြေပါပြီ..။ Antivirus တွေကို အရင်ပိတ်ထားပြီးမှ patch ဖိုင်လေးကို ဖွင့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။







အသုံးပြုတဲ့ အခါမှာတော့ အောက်က New Slideshow နေရာကနေ ဝင်ပြီး အသုံးပြုနိုင်ပါတယ်..။ ကျနော်ကတော့ တခြား နေရာတွေက စတိုင်လေးတွေကို အောက်ကပုံလေးတွေ အတိုင်း အရင်လေ့လာကြည့်လိုက်ပါတယ်..။ ဒါမှသာ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေကို စလိုက်ရှိုး ဖန်တီးတဲ့အခါ အလွယ်တကူ ယူသုံးတတ်မှာပဲ ဖြစ်ပါတယ်..။















အပေါ်ကပုံတွေအတိုင်း မြင်ရပြီးရင်တော့ ကျနော် Main Menu ကနေ ဝင်ပြီး အောက်ကပုံအတိုင်း ကလစ်ပြီး ဓါတ်ပုံ စလိုက်ရှိုးတခုကို ဖန်တီးယူပါပြီ..။





ကျနော်ထည့်သုံးမယ့် ပုံတွေကို အပေါ်ကပုံအတိုင်း Select all >> Add နဲ့ ယူထည့်ပြီး အောက်ကပုံတွေအတိုင်း Effects တွေနဲ့ Template ကို ပြောင်းသုံးလိုက်ပါတယ်..။





Template မှာတော့ အပေါ်ကပုံအတိုင်း မိမိတို့ ကြိုက်တဲ့ Template တခုကို ရွေးပြီး ယူသုံးလို့ ရပါတယ်..။ နောက်တခုကတော့ နောက်ခံသီချင်းကို Music နေရာကို ကလစ်ပြီး အောက်ကပုံအတိုင်း မိမိတို့ ကြိုက်တဲ့ Mp3 သီချင်းတပုဒ်ကို ရွေးယူထည့်ပေးလိုက်ရင် အဆင်ပြေပါတယ်..။







Effects နေရာမှာတော့ မိမိတို့ အပိုထည့်လိုတဲ့ ပုံလေးတွေကို ၂-ချက်တောက်ပေးပြီး ထည့်သုံးနိုင်ပါတယ်..။ အပေါ်နဲ့ အောက်ကပုံလေးတွေ အတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်..။ ဒီ Effects တွေက အရှင်တွေပါ..။ လိပ်ပြာလေးတွေနဲ့ တခြားပုံလေးတွေလည်း ပျံဝဲနေမှာပဲ ဖြစ်ပါတယ်..။





စာရေးထည့်ဖို့ Effects ကိုတော့ အပေါ်ကပုံအတိုင်း ထည့်နိုင်ပါတယ်..။ မြန်မာစာ ရေးလို့ မရတဲ့ အားနည်းချက်တော့ ရှိပါတယ်..။



မိမိတို့ စိတ်ကြိုက်ဖြစ်လို့ သိမ်းတော့မယ်ဆိုရင်တော့ အပေါ်နဲ့ အောက်ကပုံလေးတွေ အတိုင်း Make Video File နေရာကို ကလစ်ပြီး သိမ်းလိုက်လို့ ရပါပြီ..။





ကြည့်လို့ကောင်းမယ့် Video ဖေါ်မတ်ကို MP4 ဖေါ်မတ်နဲ့ သိမ်းရင် အဆင်ပြေပါတယ်..။ အပေါ်ကပုံအတိုင်း Desktop မှာပဲ သိမ်းလိုက်ပါတယ်..။



Publish ကို နှိပ်လိုက်ရင်တော့ အောက်ကပုံလေးတွေ အတိုင်း Video ဖိုင်လေးကို ထုတ်ပေးပါလိမ့်မယ်..။ ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။





Successfully ဆိုရင်တော့ Desktop မှာ Video ဖိုင်လေး ရောက်နေပါပြီ..။ အောက်ကပုံလေးအတိုင်း Windows Media Player နဲ့ ဖွင့်ကြည့်လို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေစေ..။