Saturday, May 31, 2014

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final

မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေကို မိမိတို့ ကြိုက်တဲ့ နောက်ခံသီချင်းလေးတွေနဲ့ စလိုက်ရှိုးလေးတွေ ဖန်တီးယူလိုရင်တော့ ဒီကောင်လေးနဲ့ အတော်လေး အဆင်ပြေပါလိမ့်မယ်..။ ဆော့ဝဲလ်သေးပေမယ့် ဖန်တီးယူလို့ ရတဲ့ Effects တွေ၊ Template ဒီဇိုင်းမျိုးစုံနဲ့ ပုံစံမျိုးစုံ ပါဝင်တဲ့အတွက် တခုနဲ့ တခု မရိုးရအောင် စတိုင်မျိုးစုံ ဖန်တီးယူနိုင်ပါတယ်..။ အသုံးပြုတတ်အောင်နဲ့ ဖူးဖြစ်အောင် patch ဖိုင်ထည့်တတ်အောင်ပါ အစအဆုံး ပုံလေးတွေနဲ့ အောက်မှာ ပြပေးထားလို့ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ဆက်ကြည့်နိုင်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 24 MB ရှိပါတယ်..။

iPixSoft Video Slideshow Maker Deluxe 3.2.6.0 Final




အရင်ပိုစ့်တွေ အတိုင်း patch ဖိုင်လေး ထည့်ပြီး ၊ Run ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ ရသွားပါပြီ..။



ဒေါင်းလော့ဖိုင်ထဲမှ patch ဖိုင်လေးကို copy ကူယူထည့်ပေးပြီး အောက်ကပုံအတိုင်း Run ပေးလိုက်ရင် အဆင်ပြေပါပြီ..။ Antivirus တွေကို အရင်ပိတ်ထားပြီးမှ patch ဖိုင်လေးကို ဖွင့်သုံးလို့ ရမှာပဲ ဖြစ်ပါတယ်..။







အသုံးပြုတဲ့ အခါမှာတော့ အောက်က New Slideshow နေရာကနေ ဝင်ပြီး အသုံးပြုနိုင်ပါတယ်..။ ကျနော်ကတော့ တခြား နေရာတွေက စတိုင်လေးတွေကို အောက်ကပုံလေးတွေ အတိုင်း အရင်လေ့လာကြည့်လိုက်ပါတယ်..။ ဒါမှသာ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေကို စလိုက်ရှိုး ဖန်တီးတဲ့အခါ အလွယ်တကူ ယူသုံးတတ်မှာပဲ ဖြစ်ပါတယ်..။















အပေါ်ကပုံတွေအတိုင်း မြင်ရပြီးရင်တော့ ကျနော် Main Menu ကနေ ဝင်ပြီး အောက်ကပုံအတိုင်း ကလစ်ပြီး ဓါတ်ပုံ စလိုက်ရှိုးတခုကို ဖန်တီးယူပါပြီ..။





ကျနော်ထည့်သုံးမယ့် ပုံတွေကို အပေါ်ကပုံအတိုင်း Select all >> Add နဲ့ ယူထည့်ပြီး အောက်ကပုံတွေအတိုင်း Effects တွေနဲ့ Template ကို ပြောင်းသုံးလိုက်ပါတယ်..။





Template မှာတော့ အပေါ်ကပုံအတိုင်း မိမိတို့ ကြိုက်တဲ့ Template တခုကို ရွေးပြီး ယူသုံးလို့ ရပါတယ်..။ နောက်တခုကတော့ နောက်ခံသီချင်းကို Music နေရာကို ကလစ်ပြီး အောက်ကပုံအတိုင်း မိမိတို့ ကြိုက်တဲ့ Mp3 သီချင်းတပုဒ်ကို ရွေးယူထည့်ပေးလိုက်ရင် အဆင်ပြေပါတယ်..။







Effects နေရာမှာတော့ မိမိတို့ အပိုထည့်လိုတဲ့ ပုံလေးတွေကို ၂-ချက်တောက်ပေးပြီး ထည့်သုံးနိုင်ပါတယ်..။ အပေါ်နဲ့ အောက်ကပုံလေးတွေ အတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်..။ ဒီ Effects တွေက အရှင်တွေပါ..။ လိပ်ပြာလေးတွေနဲ့ တခြားပုံလေးတွေလည်း ပျံဝဲနေမှာပဲ ဖြစ်ပါတယ်..။





စာရေးထည့်ဖို့ Effects ကိုတော့ အပေါ်ကပုံအတိုင်း ထည့်နိုင်ပါတယ်..။ မြန်မာစာ ရေးလို့ မရတဲ့ အားနည်းချက်တော့ ရှိပါတယ်..။



မိမိတို့ စိတ်ကြိုက်ဖြစ်လို့ သိမ်းတော့မယ်ဆိုရင်တော့ အပေါ်နဲ့ အောက်ကပုံလေးတွေ အတိုင်း Make Video File နေရာကို ကလစ်ပြီး သိမ်းလိုက်လို့ ရပါပြီ..။





ကြည့်လို့ကောင်းမယ့် Video ဖေါ်မတ်ကို MP4 ဖေါ်မတ်နဲ့ သိမ်းရင် အဆင်ပြေပါတယ်..။ အပေါ်ကပုံအတိုင်း Desktop မှာပဲ သိမ်းလိုက်ပါတယ်..။



Publish ကို နှိပ်လိုက်ရင်တော့ အောက်ကပုံလေးတွေ အတိုင်း Video ဖိုင်လေးကို ထုတ်ပေးပါလိမ့်မယ်..။ ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။





Successfully ဆိုရင်တော့ Desktop မှာ Video ဖိုင်လေး ရောက်နေပါပြီ..။ အောက်ကပုံလေးအတိုင်း Windows Media Player နဲ့ ဖွင့်ကြည့်လို့ ရသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ..။ အားလုံးပဲ အဆင်ပြေစေ..။



No comments:

Post a Comment